ဧ​ဖက်​ဩ​ဝါ​ဒ​စာ 5:26-28 Myanmar Standard Bible (MSB)

26. ခ​ရစ်​တော်​သည် ထို​သို့​ပြု​ခြင်း​မှာ ရေ​နှင့်​ဆိုင်​သော​ဆေး​ကြော​ခြင်း​အား​ဖြင့် နှုတ်​က​ပတ်​တော်​၌ အ​သင်း​တော်​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ရန်​နှင့်

27. အ​စွန်း​အ​ထင်း၊ အ​တွန့်​အ​ရှုံ့​မှ​စ​၍ ထို​သို့​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဘဲ သန့်​ရှင်း​၍ အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သည့် ဂုဏ်​သ​ရေ​ရှိ​သော​အ​သင်း​တော်​ကို မိ​မိ​အား​ဆက်​သ​နိုင်​ရန်​အ​တွက်​ဖြစ်​၏။

28. ထို​နည်း​တူ ခင်​ပွန်း​သည်​တို့​သည်​လည်း မိ​မိ​တို့​၏​ဇ​နီး​သည်​ကို မိ​မိ​တို့​ကိုယ်​ခန္ဓာ​ကဲ့​သို့ ချစ်​ကြ​ရ​မည်။ မိ​မိ​၏​ဇ​နီး​သည်​ကို ချစ်​သော​သူ​သည် မိ​မိ​ကိုယ်​ကို​ချစ်​သော​သူ​ဖြစ်​၏။

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 5