ဧ​ဖက်​ဩ​ဝါ​ဒ​စာ 5:21-26 Myanmar Standard Bible (MSB)

21. ခ​ရစ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​ဖြင့် အ​ချင်း​ချင်း​နာ​ခံ​ကြ​လော့။

22. ဇ​နီး​သည်​တို့၊ သ​ခင်​ဘု​ရား​ကို​နာ​ခံ​သ​ကဲ့​သို့ မိ​မိ​၏​ခင်​ပွန်း​သည်​ကို နာ​ခံ​ကြ​လော့။

23. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​သည် အ​သင်း​တော်​တည်း​ဟူ​သော​ကိုယ်​ခန္ဓာ​တော်​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​ပြီး ထို​အ​သင်း​တော်​၏​ဦး​ခေါင်း​ဖြစ်​တော်​မူ​သ​ကဲ့​သို့ ခင်​ပွန်း​သည်​သည်​လည်း ဇ​နီး​သည်​၏​ဦး​ခေါင်း​ဖြစ်​၏။

24. အ​သင်း​တော်​သည် ခ​ရစ်​တော်​ကို​နာ​ခံ​သ​ကဲ့​သို့ ဇ​နီး​သည်​တို့​သည်​လည်း အ​ရာ​ရာ​၌ ခင်​ပွန်း​သည်​ကို​နာ​ခံ​ကြ​ရ​မည်။

25. ခင်​ပွန်း​သည်​တို့၊ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို​ချစ်​၍ အ​သင်း​တော်​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​သည့်​နည်း​တူ ဇ​နီး​သည်​ကို ချစ်​ကြ​လော့။

26. ခ​ရစ်​တော်​သည် ထို​သို့​ပြု​ခြင်း​မှာ ရေ​နှင့်​ဆိုင်​သော​ဆေး​ကြော​ခြင်း​အား​ဖြင့် နှုတ်​က​ပတ်​တော်​၌ အ​သင်း​တော်​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ရန်​နှင့်

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 5