ဧ​ဖက်​ဩ​ဝါ​ဒ​စာ 2:12-15 Myanmar Standard Bible (MSB)

12. ထို​အ​ချိန်​က သင်​တို့​သည် ခ​ရစ်​တော်​နှင့်​ကင်း​ကွာ​၍ အစ္စ​ရေး​အ​မျိုး​သား​စာ​ရင်း​မ​ဝင်၊ က​တိ​တော်​နှင့်​ဆိုင်​သော​ပ​ဋိ​ညာဉ်​များ​နှင့်​မ​သက်​ဆိုင်၊ ဤ​လော​က​၌​မျှော်​လင့်​ခြင်း​မ​ရှိ၊ ဘု​ရား​မဲ့​လျက်​နေ​ခဲ့​ကြ​၏။

13. သို့​သော် တစ်​ချိန်​က ဝေး​ကွာ​လျက်​ရှိ​ခဲ့​သော​သင်​တို့​သည် ယ​ခု​အ​ခါ ခ​ရစ်​တော်​ယေ​ရှု​၌ ခ​ရစ်​တော်​၏​သွေး​တော်​အား​ဖြင့် အ​နီး​သို့​ရောက်​ကြ​ရ​ပြီ။

14. အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် ငါ​တို့​၏​သင့်​မြတ်​ငြိမ်း​ချမ်း​ခြင်း​အ​ကြောင်း​ဖြစ်​တော်​မူ​၍ ငါ​တို့​နှစ်​မျိုး​စ​လုံး​ကို တစ်​မျိုး​တည်း​ဖြစ်​စေ​ပြီး ပိုင်း​ခြား​သော​ရန်​ငြိုး​တံ​တိုင်း​ကို ဖြို​ဖျက်​ကာ

15. စည်း​မျဉ်း​များ​ပါ​သည့် ပ​ညတ်​ချက်​တို့​နှင့်​ဆိုင်​သော​ပ​ညတ်​တ​ရား​ကို မိ​မိ​ကိုယ်​ခန္ဓာ​တော်​အား​ဖြင့် ပယ်​ဖျက်​တော်​မူ​၏။ ဤ​သည်​ကား လူ​နှစ်​မျိုး​ကို မိ​မိ​၌ တစ်​မျိုး​တည်း​သော​လူ​သစ်​အ​ဖြစ် ဖန်​ဆင်း​လျက် သင့်​မြတ်​ငြိမ်း​ချမ်း​ခြင်း​ကို​ဖြစ်​စေ​ကာ

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 2