10. အကြောင်းမူကား ငါတို့သည် ကောင်းသောအမှုများကိုပြုရန် ခရစ်တော်ယေရှု၌ဖန်ဆင်းခြင်းခံရသော ဘုရားသခင်၏လက်ရာတော်ဖြစ်ကြ၏။ ထိုကောင်းသောအမှုများ၌ ငါတို့အသက်ရှင်လျှောက်လှမ်းကြရန် ဘုရားသခင်သည် ထိုအမှုများကို ကြိုတင်ပြင်ဆင်ထားတော်မူ၏။
11. ထို့ကြောင့် တစ်ချိန်က သင်တို့သည် ဇာတိအားဖြင့် လူမျိုးခြားများဖြစ်ကြပြီး ကိုယ်ကာယ၌ လက်ဖြင့်အရေဖျားလှီးထားသောသူတို့က သင်တို့ကို အရေဖျားမလှီးသောသူဟု ခေါ်ဝေါ်ခဲ့ကြသည်ကို သတိရကြလော့။
12. ထိုအချိန်က သင်တို့သည် ခရစ်တော်နှင့်ကင်းကွာ၍ အစ္စရေးအမျိုးသားစာရင်းမဝင်၊ ကတိတော်နှင့်ဆိုင်သောပဋိညာဉ်များနှင့်မသက်ဆိုင်၊ ဤလောက၌မျှော်လင့်ခြင်းမရှိ၊ ဘုရားမဲ့လျက်နေခဲ့ကြ၏။