ဧ​ဖက်​ဩ​ဝါ​ဒ​စာ 1:12-15 Myanmar Standard Bible (MSB)

12. ဤ​သည်​ကား ခ​ရစ်​တော်​၌ ဦး​စွာ​မျှော်​လင့်​ထား​သော​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို ချီး​မွမ်း​ကြ​မည့်​အ​ကြောင်း​တည်း။

13. သင်​တို့​သည်​လည်း သင်​တို့​၏​ကယ်​တင်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်း​မြတ်​သော​သ​တင်း​တည်း​ဟူ​သော သမ္မာ​တ​ရား​၏​နှုတ်​က​ပတ်​တော်​ကို ထို​သ​ခင်​၌​ကြား​ရ​၍ ကိုယ်​တော်​ကို​ယုံ​ကြည်​သ​ဖြင့် က​တိ​ထား​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ကို​ခံ​ရ​ကြ​၏။

14. ထို​ဝိ​ညာဉ်​တော်​သည် ပိုင်​ဆိုင်​တော်​မူ​သော​သူ​တို့​ရွေး​နုတ်​ခြင်း​ခံ​ရ​သည်​အ​ထိ ငါ​တို့​၏​အ​မွေ​အ​တွက် စ​ရန်​ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​ရန်​အ​တွက်​လည်း​ဖြစ်​၏။

15. ထို့​ကြောင့် ငါ​သည်​လည်း သ​ခင်​ယေ​ရှု​အ​ပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​အ​ပေါ်​ထား​ရှိ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​အ​ကြောင်း​ကို ကြား​သိ​သ​ဖြင့်

ဧ​ဖက်​ဩ​ဝါ​ဒ​စာ 1