ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 6:9-15 Myanmar Standard Bible (MSB)

9. ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​သည် ဤ​သို့​ပြော​ဆို​ကြ​သော်​လည်း သင်​တို့​အ​တွက်​မူ​ကား ကယ်​တင်​ခြင်း​နှင့်​ယှဉ်​တွဲ​သည့် ပို​၍​ကောင်း​သော​အ​ရာ​များ​ရှိ​သည်​ဟု ငါ​တို့​ယုံ​ကြည်​စိတ်​ချ​ကြ​၏။

10. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် သင်​တို့​၏​လုပ်​ဆောင်​မှု​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​ကို ယ​ခင်​က သင်​တို့​လုပ်​ကျွေး​ပြု​စု​သ​ကဲ့​သို့ ယ​ခု​လည်း လုပ်​ကျွေး​ပြု​စု​လျက် ကိုယ်​တော်​၏​နာ​မ​တော်​ကို​ထောက်​၍ သင်​တို့​ပြ​သော​ချစ်​ခြင်း​မေတ္တာ​တို့​ကို​လည်း​ကောင်း မေ့​လျော့​သည့်​တိုင်​အောင် တ​ရား​မျှ​တ​မှု​ကင်း​မဲ့​တော်​မူ​သည်​မ​ဟုတ်။

11. သင်​တို့​တစ်​ဦး​စီ​သည် မျှော်​လင့်​ခြင်း​နှင့်​ဆိုင်​သော​စိတ်​ချ​မှု​အ​ပြည့်​အ​ဝ​ရှိ​ကြ​ရန် ထို​သို့​သော​စိတ်​အား​ထက်​သန်​မှု​ကို အ​ဆုံး​တိုင်​အောင်​ပြ​မည့်​အ​ကြောင်း ငါ​တို့​အ​လို​ရှိ​ကြ​၏။

12. ဤ​သည်​ကား သင်​တို့​သည် ပျင်း​ရိ​ခြင်း​မ​ရှိ​ဘဲ ယုံ​ကြည်​ခြင်း​နှင့်​စိတ်​ရှည်​ခြင်း​တို့​အား​ဖြင့် က​တိ​တော်​ကို​အ​မွေ​ဆက်​ခံ​သော​သူ​တို့​အား အ​တု​ယူ​သူ​များ​ဖြစ်​ကြ​မည့်​အ​ကြောင်း​တည်း။

13. ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​အား က​တိ​ပေး​တော်​မူ​သော​အ​ခါ တိုင်​တည်​ပြော​ဆို​ရန် မိ​မိ​ထက် ကြီး​မြတ်​သော​သူ​မ​ရှိ​သော​ကြောင့် မိ​မိ​ကိုယ်​ကို​တိုင်​တည်​ပြော​ဆို​၍

14. “ငါ​သည် အ​မှန်​ပင် သင့်​ကို အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​၍ သင်​၏​အ​မျိုး​အ​နွယ်​ကို တိုး​ပွား​များ​ပြား​စေ​မည်”​ဟု မိန့်​တော်​မူ​၏။

15. ဤ​သို့​ဖြင့် အာ​ဗြ​ဟံ​သည် စိတ်​ရှည်​စွာ​စောင့်​ဆိုင်း​သ​ဖြင့် က​တိ​တော်​ကို​ခံ​စား​ရ​ရှိ​ခဲ့​၏။

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 6