ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 5:5-7 Myanmar Standard Bible (MSB)

5. ထို​နည်း​တူ ခ​ရစ်​တော်​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ရာ​၌ မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သည်​မ​ဟုတ်။ “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖွား​မြင်​စေ​ပြီ”​ဟု ကိုယ်​တော်​အား​မိန့်​တော်​မူ​သော​အ​ရှင်​က ချီး​မြှောက်​တော်​မူ​ခြင်း​ဖြစ်​၏။

6. အ​ခြား​ကျမ်း​ချက်​တွင်​လည်း “သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နှင့်​အ​လား​တူ​သော ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​၏။

7. ခ​ရစ်​တော်​သည် လူ​သား​အ​ဖြစ်​၌​ရှိ​စဉ် သေ​ခြင်း​မှ​ကယ်​တင်​နိုင်​သော​အ​ရှင်​ထံ ကျယ်​လောင်​သော​အော်​ဟစ်​သံ​နှင့်​မျက်​ရည်​တို့​ဖြင့် တောင်း​လျှောက်​၍ အ​သ​နား​ခံ​သ​ဖြင့် ထို​ကြည်​ညို​မှု​ကြောင့် ဘု​ရား​သ​ခင်​သည် နား​ညောင်း​တော်​မူ​၏။

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 5