ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 4:4-7 Myanmar Standard Bible (MSB)

4. အ​ကြောင်း​မူ​ကား သတ္တ​မ​နေ့​နှင့်​ပတ်​သက်​၍ “သတ္တ​မ​နေ့​တွင် ဘု​ရား​သ​ခင်​သည် မိ​မိ​လုပ်​ဆောင်​သော​အ​မှု​ရှိ​သ​မျှ​တို့​ကို​ရပ်​လျက် ငြိမ်​ဝပ်​စွာ​နေ​တော်​မူ​၏”​ဟု ကျမ်း​တစ်​နေ​ရာ​၌​ဆို​ထား​၏။

5. တစ်​ဖန် “သူ​တို့​သည် ငါ​၏​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု ထို​နေ​ရာ​၌​ဆို​ထား​၏။

6. သို့​ဖြစ်​၍ ထို​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့​ဝင်​ရ​သော​အ​ခွင့်​သည် အ​ချို့​သော​သူ​တို့​အ​တွက်​ရှိ​သေး​၏။ ကောင်း​မြတ်​သော​သ​တင်း​ကို ရှေး​ဦး​စွာ​ကြား​ရ​သော​သူ​တို့​သည် မ​နာ​ခံ​မှု​ကြောင့် မ​ဝင်​ခဲ့​ရ​ကြ​ချေ။

7. ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် နေ့​တစ်​နေ့​ကို “ယ​နေ့”​ဟူ​၍ တစ်​ဖန် ချ​မှတ်​တော်​မူ​ပြီး နောင်​နှစ်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ အ​ထက်​က​ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း “ယ​နေ့ သင်​တို့​သည် ကိုယ်​တော်​၏​အ​သံ​ကို​ကြား​လျှင် သင်​တို့​စိတ်​နှ​လုံး​ကို မ​မာ​ကျော​စေ​ကြ​နှင့်”​ဟု ဒါ​ဝိဒ်​အား​ဖြင့် မိန့်​တော်​မူ​၏။

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 4