သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:7-12 Myanmar Standard Bible (MSB)

7. နို့​တိုက်​မိ​ခင်​သည် မိ​မိ​၏​သား​သ​မီး​များ​ကို ယု​ယ​ကြင်​နာ​သ​ကဲ့​သို့ သင်​တို့​အ​လယ်​၌ နူး​ညံ့​သိမ်​မွေ့​သော​သူ​များ​ဖြစ်​ကြ​၏။

8. ထို​နည်း​တူ သင်​တို့​သည် ငါ​တို့​ချစ်​သော​သူ​များ​ဖြစ်​လာ​ကြ​သော​ကြောင့် ငါ​တို့​သည် သင်​တို့​ကို​ချစ်​ခင်​တွယ်​တာ​လျက် ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို​သာ​မ​က ငါ​တို့​၏​အ​သက်​ကို​ပင် ဝေ​မျှ​ပေး​ရန် စေ​တ​နာ​စိတ်​ရှိ​ကြ​၏။

9. ညီ​အစ်​ကို​တို့၊ ငါ​တို့​၏​ကြိုး​ပမ်း​အား​ထုတ်​မှု​နှင့်​ပင်​ပန်း​ခက်​ခဲ​မှု​တို့​ကို သင်​တို့​မှတ်​မိ​ကြ​၏။ ငါ​တို့​သည် သင်​တို့​ထဲ​မှ မည်​သူ့​အ​ပေါ်​၌​မျှ ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​စေ​ရန် နေ့​ရော​ည​ပါ​အ​လုပ်​လုပ်​လျက် ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို သင်​တို့​အား ဟော​ပြော​ကြ​၏။

10. ငါ​တို့​သည် ယုံ​ကြည်​သူ​ဖြစ်​သော​သင်​တို့​တွင် မည်​သို့ သန့်​ရှင်း​ဖြူ​စင်​စွာ​နှင့် ဖြောင့်​မတ်​စွာ​ပြု​မူ​လျက် အ​ပြစ်​တင်​စ​ရာ​မ​ရှိ​ရ​လေ​အောင် နေ​ထိုင်​ခဲ့​သည်​ကို သင်​တို့​နှင့်​ဘု​ရား​သ​ခင်​သည် ငါ​တို့​၏​သက်​သေ​များ​ဖြစ်​ကြ​၏။

11. သင်​တို့​သိ​ကြ​သည့်​အ​တိုင်း ဖ​ခင်​သည် မိ​မိ​သား​သ​မီး​များ​အ​ပေါ်​ပြု​သ​ကဲ့​သို့ ငါ​တို့​သည် သင်​တို့​အ​ပေါ်​ပြု​မူ​လျက်

12. မိ​မိ​နိုင်​ငံ​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​သို့ သင်​တို့​ကို​ခေါ်​ယူ​တော်​မူ​သော​ဘု​ရား​သ​ခင်​နှင့် ထိုက်​တန်​စွာ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​ရန် သင်​တို့​တစ်​ဦး​စီ​အား တိုက်​တွန်း​နှိုး​ဆော်​၍ နှစ်​သိမ့်​အား​ပေး​ကာ သ​တိ​ပေး​ခဲ့​ကြ​၏။

သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2