6. သင်တို့သည်လည်း များစွာသောဆင်းရဲဒုက္ခထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ထံမှရရှိသောဝမ်းမြောက်ခြင်းဖြင့် နှုတ်ကပတ်တော်ကိုလက်ခံ၍ ငါတို့နှင့်သခင်ဘုရားကို အတုယူသူများဖြစ်ကြ၏။
7. ဤသို့ဖြင့် သင်တို့သည် မာကေဒေါနိပြည်နှင့်အခါယပြည်၌ရှိသော ယုံကြည်သူအားလုံးအတွက် စံနမူနာဖြစ်ကြ၏။
8. အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏နှုတ်ကပတ်တရားသည် သင်တို့ထံမှ မာကေဒေါနိပြည်နှင့်အခါယပြည်သို့ ပဲ့တင်ထပ်သွားခဲ့သည်သာမက ဘုရားသခင်အပေါ်၌ရှိသော သင်တို့၏ယုံကြည်ခြင်းအကြောင်းသည်လည်း နေရာအနှံ့သို့ ပျံ့နှံ့လေပြီဖြစ်သောကြောင့် ငါတို့၌ပြောစရာတစ်စုံတစ်ခုမျှမရှိ။
9. အကြောင်းမူကား သင်တို့သည် ငါတို့ကို မည်ကဲ့သို့လက်ခံကြသည်ကိုလည်းကောင်း၊ အသက်ရှင်တော်မူ၍စစ်မှန်သောဘုရားသခင်ကို အစေခံရန်နှင့်
10. ကျရောက်လာမည့်အမျက်တော်မှ ငါတို့ကိုကယ်နုတ်တော်မူသည့် ယေရှုတည်းဟူသော သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသောသားတော်သည် ကောင်းကင်ဘုံမှကြွလာတော်မူမည်ကို စောင့်မျှော်ရန် သင်တို့သည် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံ မည်ကဲ့သို့ပြောင်းလဲလာကြသည်ကိုလည်းကောင်း သူတို့ကိုယ်တိုင်ပြောကြားကြ၏။