10. အကြောင်းမူကား သင်တို့နှင့်အတူ ငါတို့ရှိစဉ်က မည်သူမဆို အလုပ်မလုပ်လိုလျှင် အစာကိုလည်းမစားစေနှင့်ဟု ညွှန်ကြားထား၏။
11. သို့သော် သင်တို့ထဲတွင် အချို့တို့သည် စည်းမဲ့ကမ်းမဲ့အသက်ရှင်လျှောက်လှမ်း၍ အလုပ်မလုပ်ဘဲ သူတစ်ပါးကိစ္စ၌ ဝင်ရောက်စွက်ဖက်နေကြောင်း ငါတို့ကြားရကြ၏။
12. ထိုသို့သောသူတို့သည် ကိုယ့်ထမင်းကိုယ်စားနိုင်ရန်အတွက် အေးဆေးတည်ငြိမ်စွာအလုပ်လုပ်ကြရန် သခင်ယေရှုခရစ်တော်၌ ငါတို့ညွှန်ကြားလျက် တိုက်တွန်းနှိုးဆော်ကြပါ၏။
13. ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိကြနှင့်။
14. တစ်စုံတစ်ယောက်သည် ဤစာအားဖြင့် ငါတို့မှာကြားသောစကားကိုနားမထောင်လျှင် ထိုသူအား အရှက်ရစေရန် သူ့ကိုမှတ်ထားလျက် သူနှင့်အပေါင်းအဖော်မပြုကြနှင့်။
15. သို့သော် သူ့ကို ရန်သူကဲ့သို့မမှတ်ယူဘဲ ညီအစ်ကိုကဲ့သို့ သတိပေးဆုံးမကြလော့။