ရှင်​လု​ကာ​ခ​ရစ်​ဝင် 6:38-40 Myanmar Standard Bible (MSB)

38. ပေး​ကမ်း​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​ကို​လည်း ပေး​ကမ်း​လိမ့်​မည်။ အ​လျှံ​ပယ်​သိပ်​လျက်၊ ခါ​လျက်၊ ပြည့်​လျှံ​အောင် သင်​တို့​အိတ်​ထဲ​သို့ ထည့်​ပေး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သင်​တို့​တိုင်း​တာ​ခြင်​တွယ်​သည့်​စံ​နှုန်း​အ​တိုင်း သင်​တို့​အ​တွက် တိုင်း​တာ​ခြင်​တွယ်​ပေး​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

39. ထို့​နောက် သူ​တို့​အား​ပုံ​ဥ​ပ​မာ​တစ်​ခု မြွက်​ဆို​တော်​မူ​သည်​မှာ “မျက်​မ​မြင်​သည် မျက်​မ​မြင်​ကို လမ်း​ပြ​နိုင်​သ​လော။ နှစ်​ဦး​စ​လုံး​တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​မ​ဟုတ်​လော။

40. တ​ပည့်​သည် ဆ​ရာ​ထက် မြတ်​သည်​မ​ဟုတ်။ သို့​သော် ပြည့်​စုံ​စွာ​သင်​ယူ​တတ်​မြောက်​သော​သူ​တိုင်း​သည် မိ​မိ​ဆ​ရာ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 6