8. ကိုယ်တော်သည် ပေတရုနှင့်ယောဟန်တို့အား “ပသခါပွဲတော်ကို ငါတို့စားရန် သွား၍ပြင်ဆင်ကြလော့”ဟု မိန့်တော်မူလျက် သူတို့ကိုစေလွှတ်တော်မူ၏။
9. သူတို့ကလည်း “ကိုယ်တော်သည် အကျွန်ုပ်တို့အား အဘယ်မှာပြင်ဆင်စေလိုပါသနည်း”ဟု မေးလျှောက်ကြသော်
10. ကိုယ်တော်က “သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးထမ်းသောလူတစ်ဦးသည် သင်တို့ကိုကြိုဆိုလိမ့်မည်။ ထိုသူဝင်သောအိမ်ထဲသို့ လိုက်သွားပြီးလျှင်
11. အိမ်ရှင်အား ‘ဆရာက ငါ၏တပည့်များနှင့်အတူ ပသခါပွဲတော်ညစာကို သုံးဆောင်ရမည့်အခန်းသည် အဘယ်မှာရှိသနည်းဟု သင့်အား မေးလိုက်ပါသည်’ဟူ၍ ပြောကြလော့။
12. ထိုသူသည် ခင်းကျင်းထားသော အပေါ်ထပ်ခန်းမကို သင်တို့အားပြလိမ့်မည်။ ထိုနေရာ၌ ပြင်ဆင်ကြလော့”ဟု မိန့်တော်မူ၏။