ရှင်​လု​ကာ​ခ​ရစ်​ဝင် 20:4-8 Myanmar Standard Bible (MSB)

4. ယော​ဟန်​၏​ဗတ္တိ​ဇံ​သည် ကောင်း​ကင်​မှ​ဖြစ်​သ​လော သို့​မ​ဟုတ် လူ​တို့​ထံ​မှ​ဖြစ်​သ​လော”​ဟု ပြန်​၍​မေး​တော်​မူ​၏။

5. ထို​အ​ခါ သူ​တို့​သည် အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​ကာ “‘ကောင်း​ကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘အ​ဘယ်​ကြောင့် ယော​ဟန်​ကို​မ​ယုံ​ကြ​သ​နည်း’​ဟု ပြော​လိမ့်​မည်။

6. ‘လူ​တို့​ထံ​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သည်​ဟု ယုံ​ကြည်​ကြ​သော​ကြောင့် သူ​တို့​သည် ငါ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​ကြ​လိမ့်​မည်”​ဟု ပြော​ဆို​ကြ​၏။

7. ထို့​ကြောင့် သူ​တို့​က “အ​ဘယ်​က​ဖြစ်​သည်​ကို အ​ကျွန်ုပ်​တို့​မ​သိ​ပါ”​ဟု ပြန်​ဖြေ​ကြ​၏။

8. ထို​အ​ခါ ယေ​ရှု​က “ငါ​သည်​လည်း ဤ​အ​မှု​အ​ရာ​များ​ကို မည်​သည့်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​ကြောင်း သင်​တို့​ကို​မ​ပြော”​ဟု သူ​တို့​အား မိန့်​တော်​မူ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 20