ရှင်​လု​ကာ​ခ​ရစ်​ဝင် 2:41-45 Myanmar Standard Bible (MSB)

41. ယေ​ရှု​၏​မိ​ဘ​တို့​သည် ပ​သ​ခါ​ပွဲ​တော်​တွင် နှစ်​တိုင်း ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​လေ့​ရှိ​ကြ​၏။

42. ယေ​ရှု​အ​သက်​တစ်​ဆယ့်​နှစ်​နှစ်​ရှိ​သော​အ​ခါ​၌​လည်း သူ​တို့​သည်​ပွဲ​တော်​၏​ဓ​လေ့​ထုံး​စံ​အ​တိုင်း တက်​သွား​ကြ​၏။

43. ပွဲ​တော်​ရက်​များ​ပြီး​ဆုံး​၍ သူ​တို့​ပြန်​ကြ​သော​အ​ခါ သူ​ငယ်​ယေ​ရှု​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​နေ​ရစ်​လေ​၏။ မိ​ဘ​တို့​သည် မ​သိ​ကြ​ဘဲ

44. ခ​ရီး​သွား​ဖော်​များ​ကြား​တွင် သူ​ရှိ​နေ​မည်​ဟု​ထင်​မှတ်​လျက် တစ်​နေ့​တာ​ခ​ရီး​ပြု​ကြ​၏။ ထို့​နောက် အ​ဆွေ​အ​မျိုး​အ​သိ​အ​ကျွမ်း​တို့​ကြား​တွင် လိုက်​ရှာ​သော်​လည်း

45. မ​တွေ့​သ​ဖြင့် သူ့​ကို​လိုက်​ရှာ​ရင်း ဂျေ​ရု​ဆ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 2