ရှင်​လု​ကာ​ခ​ရစ်​ဝင် 2:27-35 Myanmar Standard Bible (MSB)

27. သူ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ဗိ​မာန်​တော်​သို့​သွား​ရာ မိ​ဘ​တို့​သည် သူ​ငယ်​အ​တွက် ပ​ညတ်​တ​ရား​၏​ထုံး​တမ်း​စဉ်​လာ​အ​တိုင်း​ပြု​ရန် သူ​ငယ်​ယေ​ရှု​ကို​ခေါ်​ဆောင်​လာ​ကြ​၏။

28. ထို​အ​ခါ ရှိ​မောင်​သည် သူ​ငယ်​ကို​ပွေ့​ချီ​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကာ

29. “စိုး​ပိုင်​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း ကိုယ်​တော်​၏​အ​စေ​အ​ပါး​အား ငြိမ်း​ချမ်း​စွာ​သွား​ရ​သော​အ​ခွင့်​ကို ယ​ခု ကိုယ်​တော်​ပေး​တော်​မူ​ပြီ​ဖြစ်​၏။

30-32. အ​ကြောင်း​မူ​ကား လူ​မျိုး​ခြား​တို့​အ​တွက်​ပေါ်​ထွန်း​သော​အ​လင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော် အစ္စ​ရေး​လူ​မျိုး​အ​တွက်​ဘုန်း​အ​သ​ရေ​ဖြစ်​သော လူ​အ​ပေါင်း​တို့​ရှေ့​၌​ပြင်​ဆင်​ထား​သည့် ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​လည်း​ကောင်း အ​ကျွန်ုပ်​၏​မျက်​စိ​ဖြင့် မြင်​ရ​ပါ​ပြီ”​ဟု ဆို​လေ​၏။

33. သူ​ငယ်​၏​မိ​ခင်​နှင့်​ဖ​ခင်​တို့​သည် သူ​ငယ်​နှင့်​ပတ်​သက်​၍ ပြော​ဆို​သော​အ​ရာ​များ​အ​တွက်​အံ့​သြ​ကြ​၏။

34. ထို့​နောက် ရှိ​မောင်​သည် သူ​တို့​ကို​ကောင်း​ချီး​ပေး​၍ မယ်​တော်​မာ​ရိ​အား “ဤ​သူ​ငယ်​သည် အစ္စ​ရေး​လူ​မျိုး​ထဲ​မှ လူ​များ​စွာ​တို့​ကို လဲ​စေ​သည့်​အ​ကြောင်း​နှင့် ထ​စေ​သည့်​အ​ကြောင်း​ဖြစ်​ပြီး ဆန့်​ကျင်​ပြော​ဆို​ခြင်း​ခံ​ရ​မည့်​အ​မှတ်​လက္ခ​ဏာ​ဖြစ်​ရန် ခန့်​အပ်​ထား​ခြင်း​ခံ​ရ​၏။

35. ဤ​သည်​ကား များ​စွာ​သော​သူ​တို့​၏​စိတ်​နှ​လုံး​တွေး​တော​ဆင်​ခြင်​မှု​များ​သည် ထင်​ရှား​လာ​မည့်​အ​ကြောင်း​တည်း။ သင်​၏​နှ​လုံး​ကို​လည်း သန်​လျက်​သည်​ထိုး​ဖောက်​လိမ့်​မည်”​ဟု ဆို​လေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 2