ရှင်​လု​ကာ​ခ​ရစ်​ဝင် 2:19-23 Myanmar Standard Bible (MSB)

19. မာ​ရိ​မူ​ကား ဤ​အ​ခြင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို မိ​မိ​စိတ်​နှ​လုံး​ထဲ​၌​မှတ်​ကျုံး​၍ စဉ်း​စား​ဆင်​ခြင်​လျက်​နေ​၏။

20. သိုး​ထိန်း​တို့​သည် မိ​မိ​တို့​အား​မြွက်​ဆို​ထား​သည့်​အ​တိုင်း မြင်​ရ​ကြား​ရ​သ​ဖြင့် ထို​အ​မှု​အ​ရာ​အား​လုံး​တို့​အ​တွက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်၊ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက် ပြန်​သွား​ကြ​၏။

21. ရှစ်​ရက်​ပြည့်​၍ သူ​ငယ်​အား အ​ရေ​ဖျား​လှီး​ခြင်း​ပေး​သော​အ​ခါ ဝမ်း​၌​သန္ဓေ​မ​တည်​မီ ကောင်း​ကင်​တ​မန်​မှည့်​ခေါ်​ထား​သည့်​အ​တိုင်း သူ့​ကို ယေ​ရှု​အ​မည်​ဖြင့်​မှည့်​ခေါ်​ကြ​၏။

22. ထို့​နောက် မော​ရှေ​၏​ပ​ညတ်​တ​ရား​ကျမ်း​အ​တိုင်း မိ​မိ​တို့​အ​တွက် စင်​ကြယ်​ခြင်း​ဝတ်​ကို​ပြု​ရ​မည့်​နေ့​ရက်​များ​စေ့​သော​အ​ခါ မိ​ဘ​တို့​သည် သူ​ငယ်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​ရန် ဂျေ​ရု​ဆ​လင်​မြို့​သို့​ခေါ်​ဆောင်​သွား​ကြ​၏။

23. ဤ​သည်​ကား ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တ​ရား​ကျမ်း​တွင် “သား​ဦး​ယောက်ျား​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အ​တွက် သန့်​ရှင်း​စေ​လျက် ဆက်​ကပ်​ထား​ရ​မည်”​ဟု ရေး​ထား​သည်​နှင့်​အ​ညီ​ဖြစ်​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 2