ရှင်​လု​ကာ​ခ​ရစ်​ဝင် 19:15-18 Myanmar Standard Bible (MSB)

15. ထို့​နောက် သူ​သည် နိုင်​ငံ​တော်​အုပ်​စိုး​ခွင့်​ကို​ခံ​ယူ​ပြီး ပြန်​လာ​သော​အ​ခါ ငွေ​ပေး​ထား​ခဲ့​သော​အ​စေ​အ​ပါး​တို့​သည် စီး​ပွား​ရှာ​၍ အ​မြတ်​မည်​မျှ​ရ​ကြ​သည်​ကို သိ​ရှိ​နိုင်​မည့်​အ​ကြောင်း သူ​တို့​ကို မိ​မိ​ထံ​သို့​ခေါ်​လာ​ရန် အ​မိန့်​ရှိ​၏။

16. ပ​ထ​မ​တစ်​ဦး​သည် လာ​၍ ‘သ​ခင်၊ သ​ခင်​၏​ငွေ​တစ်​မိ​နာ့​အား​ဖြင့် ငွေ​ဆယ်​မိ​နာ့​အ​မြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။

17. သ​ခင်​က​လည်း ‘ကောင်း​လေ​စွ။ အ​စေ​အ​ပါး​ကောင်း၊ သင်​သည် သေး​ငယ်​သော​အ​မှု​၌ သစ္စာ​ရှိ​သော​ကြောင့် မြို့​ဆယ်​မြို့​ကို​အုပ်​ချုပ်​လော့’​ဟု ဆို​လေ​၏။

18. ဒု​တိ​ယ​တစ်​ဦး​သည်​လည်း လာ​၍ ‘သ​ခင်၊ သ​ခင်​၏​ငွေ​တစ်​မိ​နာ့​အား​ဖြင့် ငွေ​ငါး​မိ​နာ့​အ​မြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 19