ရှင်​လု​ကာ​ခ​ရစ်​ဝင် 18:23-26 Myanmar Standard Bible (MSB)

23. ထို​သူ​သည် အ​လွန်​ချမ်း​သာ​သော​သူ​ဖြစ်​သော​ကြောင့် ထို​စ​ကား​ကို​ကြား​သော​အ​ခါ အ​လွန်​ဝမ်း​နည်း​လေ​၏။

24. ယေ​ရှု​သည် ထို​သူ​အ​လွန်​ဝမ်း​နည်း​သည်​ကို​မြင်​လျှင် “ငွေ​ကြေး​ချမ်း​သာ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန် ခဲ​ယဉ်း​လှ​သည်​တ​ကား။

25. ချမ်း​သာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​ရန်​ထက် ကု​လား​အုပ်​သည် အပ်​န​ဖား​ပေါက်​မှ​လျှို​ဝင်​ရန် ပို​၍​လွယ်​ကူ​၏”​ဟု မိန့်​တော်​မူ​၏။

26. ထို​စ​ကား​ကို​ကြား​သော​သူ​တို့​က “သို့​ဖြစ်​လျှင် မည်​သူ​သည် ကယ်​တင်​ခြင်း​ခံ​ရ​နိုင်​ပါ​မည်​နည်း”​ဟု ပြော​ဆို​ကြ​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 18