ရှင်​လု​ကာ​ခ​ရစ်​ဝင် 15:4-6 Myanmar Standard Bible (MSB)

4. “သင်​တို့​ထဲ​မှ တစ်​စုံ​တစ်​ဦး​၌ သိုး​အ​ကောင်​တစ်​ရာ​ရှိ​ပြီး ၎င်း​တို့​ထဲ​မှ တစ်​ကောင်​သည်​ပျောက်​ဆုံး​လျှင် သူ​သည် ကိုး​ဆယ့်​ကိုး​ကောင်​ကို တော​ကန္တာ​ရ​၌​ထား​ခဲ့​၍ ပျောက်​ဆုံး​သော​သိုး​ကို​မ​တွေ့​မ​ချင်း​လိုက်​ရှာ​မည်​မ​ဟုတ်​လော။

5. ထို​သိုး​ကို​တွေ့​လျှင် သူ​သည် ဝမ်း​မြောက်​လျက် ၎င်း​ကို မိ​မိ​ပ​ခုံး​ပေါ်​တင်​၍

6. အိမ်​သို့​ပြန်​လာ​ပြီး​လျှင် မိတ်​ဆွေ​များ​နှင့် အိမ်​နီး​ချင်း​တို့​ကို​ခေါ်​လျက် ‘ပျောက်​ဆုံး​သော​ငါ့​သိုး​ကို ပြန်​တွေ့​ပြီ​ဖြစ်​၍ ငါ​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ​လော့’​ဟု ဆို​လိမ့်​မည်။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 15