ရှင်​လု​ကာ​ခ​ရစ်​ဝင် 13:5-7 Myanmar Standard Bible (MSB)

5. ထို​သို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အား​လုံး​သည်​လည်း နောင်​တ​မ​ရ​လျှင် ထို​နည်း​တူ​ပျက်​စီး​ကြ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

6. ထို့​နောက် ကိုယ်​တော်​သည် ဤ​ပုံ​ဥ​ပ​မာ​ကို​ပေး​၍ မြွက်​ဆို​တော်​မူ​သည်​မှာ “လူ​တစ်​ဦး​တွင် မိ​မိ​စ​ပျစ်​ခြံ​ထဲ​၌​စိုက်​ထား​သော သ​ဖန်း​ပင်​တစ်​ပင်​ရှိ​၏။ သူ​သည် ထို​အ​ပင်​၌ အ​သီး​ကို​လာ​ရှာ​သော်​လည်း​မ​တွေ့​ရ​ချေ။

7. ထို​အ​ခါ သူ​သည် ဥ​ယျာဉ်​မှူး​အား ‘ကြည့်​လော့။ ငါ​သည် သုံး​နှစ်​တိုင်​တိုင် ဤ​သ​ဖန်း​ပင်​အ​ပေါ်​၌ အ​သီး​ကို​လာ​ရှာ​သော်​လည်း​မ​တွေ့​ရ။ ဤ​သ​ဖန်း​ပင်​ကို​ခုတ်​ပစ်​လော့။ အ​ဘယ်​ကြောင့် မြေ​ကို အ​ကျိုး​မဲ့​ဖြစ်​စေ​မည်​နည်း’​ဟု ဆို​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 13