1. ထိုအခါ ထောင်ပေါင်းများစွာသောလူထုပရိသတ်တို့သည် စုဝေးလာကြ၍ အချင်းချင်းပင်နင်းမိမတတ်ဖြစ်ကြ၏။ ကိုယ်တော်သည် တပည့်တော်တို့အား ဦးစွာမြွက်ဆိုတော်မူသည်မှာ “ဖာရိရှဲတို့၏တဆေးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။
2. ဖုံးအုပ်ထားသည့်အရာများတွင် ဖွင့်ပြခြင်းမခံရမည့်အရာတစ်စုံတစ်ခုမျှမရှိ။ ကွယ်ဝှက်ထားသောအရာများတွင် ဖော်ပြခြင်းမခံရမည့်အရာလည်း တစ်စုံတစ်ခုမျှမရှိ။
3. သို့ဖြစ်၍ မှောင်မိုက်၌ သင်တို့ပြောဆိုသောအရာတို့ကို အလင်း၌ကြားကြလိမ့်မည်။ အိမ်အတွင်းခန်းထဲ၌ နားအပါးကပ်၍ သင်တို့ပြောဆိုသောအရာများကို လေသာဆောင်ပေါ်မှ ကြေညာကြလိမ့်မည်။