ရှင်​လု​ကာ​ခ​ရစ်​ဝင် 11:17-20 Myanmar Standard Bible (MSB)

17. သို့​သော် ကိုယ်​တော်​သည် သူ​တို့​၏​စိတ်​သ​ဘော​များ​ကို သိ​မြင်​တော်​မူ​သ​ဖြင့် “မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​သော​နိုင်​ငံ​တိုင်း​သည် လုံး​လုံး​ပျက်​စီး​သွား​၍ မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​သော​အိမ်​သည်​လည်း ပြို​လဲ​တတ်​၏။

18. စာ​တန်​သည်​လည်း မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​လျှင် သူ​၏​နိုင်​ငံ​သည် မည်​သို့​တည်​မြဲ​နိုင်​မည်​နည်း။ ဤ​သို့​ဆို​ခြင်း​မှာ ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဟု သင်​တို့​ဆို​ကြ​သော​ကြောင့်​ဖြစ်​၏။

19. ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဆို​လျှင် သင်​တို့​၏​သား​များ​သည် မည်​သူ့​ကို​အ​မှီ​ပြု​၍ နှင်​ထုတ်​ကြ​သ​နည်း။ ထို့​ကြောင့် သူ​တို့​သည် သင်​တို့​ကို တ​ရား​စီ​ရင်​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။

20. သို့​ရာ​တွင် ငါ​သည် ဘု​ရား​သ​ခင်​၏​လက်​ညှိုး​တော်​အား​ဖြင့် နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဆို​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​ထံ​ရောက်​ရှိ​လေ​ပြီ။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 11