ရှင်​လု​ကာ​ခ​ရစ်​ဝင် 11:15-18 Myanmar Standard Bible (MSB)

15. သို့​သော် ထို​သူ​တို့​ထဲ​မှ အ​ချို့​တို့​က “သူ​သည် နတ်​ဆိုး​တို့​၏​အ​ကြီး​အ​ကဲ ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်”​ဟု ပြော​ဆို​ကြ​၏။

16. အ​ချို့​တို့​သည်​လည်း ကိုယ်​တော်​ကို​စမ်း​သပ်​လို​သ​ဖြင့် ကောင်း​ကင်​မှ​နိ​မိတ်​လက္ခ​ဏာ​ကို တောင်း​ဆို​ကြ​၏။

17. သို့​သော် ကိုယ်​တော်​သည် သူ​တို့​၏​စိတ်​သ​ဘော​များ​ကို သိ​မြင်​တော်​မူ​သ​ဖြင့် “မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​သော​နိုင်​ငံ​တိုင်း​သည် လုံး​လုံး​ပျက်​စီး​သွား​၍ မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​သော​အိမ်​သည်​လည်း ပြို​လဲ​တတ်​၏။

18. စာ​တန်​သည်​လည်း မိ​မိ​အ​တွင်း​၌ ဆန့်​ကျင်​ကွဲ​ပြား​နေ​လျှင် သူ​၏​နိုင်​ငံ​သည် မည်​သို့​တည်​မြဲ​နိုင်​မည်​နည်း။ ဤ​သို့​ဆို​ခြင်း​မှာ ငါ​သည် ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သည်​ဟု သင်​တို့​ဆို​ကြ​သော​ကြောင့်​ဖြစ်​၏။

ရှင်​လု​ကာ​ခ​ရစ်​ဝင် 11