2. ထိုအသက်သည် ထင်ရှား၍ ငါတို့သည် ၎င်းကိုမြင်ရသဖြင့် ခမည်းတော်နှင့်အတူရှိပြီး ငါတို့၌ထင်ရှားသော ထိုထာဝရအသက်အကြောင်းကို သင်တို့အား ငါတို့သက်သေခံလျက်ပြောကြားကြ၏။
3. ငါတို့မြင်ရကြားရသောအရာကို သင်တို့အားပြောကြားရခြင်းမှာ သင်တို့သည်လည်း ငါတို့နှင့်မိတ်သဟာယဖွဲ့ခြင်းရှိစေရန်ဖြစ်၏။ ငါတို့၏မိတ်သဟာယဖွဲ့ခြင်းသည် ခမည်းတော်နှင့်လည်းကောင်း၊ ကိုယ်တော်၏သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း မိတ်သဟာယဖွဲ့ခြင်းဖြစ်၏။
4. ငါတို့၏ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် ဤအရာများကို ငါတို့ရေးလိုက်၏။
5. “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၍ ဘုရားသခင်၌ မှောင်မိုက်ခြင်းလုံးဝမရှိ”ဟူသော ဤသတင်းစကားသည် ကိုယ်တော်ထံမှ ငါတို့ကြားရ၍ သင်တို့အား ပြောကြားသောသတင်းစကားဖြစ်၏။
6. ငါတို့သည် ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့ခြင်းရှိ၏ဟု ဆိုလျက်နှင့် အမှောင်ထဲ၌အသက်ရှင်လျှောက်လှမ်းနေကြလျှင် ငါတို့သည် လိမ်လည်ပြောဆိုသည်ဖြစ်၍ သမ္မာတရားကိုကျင့်သုံးနေကြသည်မဟုတ်။