8. ထိုအခါ အိမ်နီးချင်းများနှင့် ယခင်က သူသည် သူတောင်းစားဖြစ်ခဲ့ကြောင်းကို သိမြင်သောသူတို့က “ဤသူသည် ထိုင်လျက်တောင်းစားနေခဲ့သူမဟုတ်လော”ဟု ဆိုကြ၏။
9. လူအချို့တို့က “ထိုသူပင်ဖြစ်သည်”ဟု ဆိုကြ၏။ အချို့တို့ကလည်း “မဟုတ်ပါ။ ထိုသူနှင့်တူရုံသာဖြစ်သည်”ဟု ဆိုကြ၏။ သူကိုယ်တိုင်က “အကျွန်ုပ်ပင်ဖြစ်သည်”ဟု ဆို၏။
10. လူတို့ကလည်း “သို့ဖြစ်လျှင် သင်သည် မည်ကဲ့သို့မျက်စိမြင်လာသနည်း”ဟု မေးမြန်းကြ၏။
11. ထိုသူက “ယေရှုဟုခေါ်သောသူတစ်ဦးသည် ရွှံ့လုပ်၍ အကျွန်ုပ်၏မျက်စိကိုလူးလျက် ‘ရှိလောင်ရေကန်သို့သွား၍ ဆေးလော့’ဟု ဆိုသည့်အတိုင်း အကျွန်ုပ်သွား၍ဆေးလိုက်ရာ မျက်စိမြင်လာပါသည်”ဟု ဖြေကြား၏။
12. သူတို့ကလည်း “ထိုသူသည် အဘယ်မှာရှိသနည်း”ဟု မေးမြန်းကြသော် သူက “အကျွန်ုပ်မသိပါ”ဟု ဆို၏။
13. လူတို့သည် ယခင်က မျက်မမြင်ဖြစ်ခဲ့သောထိုသူကို ဖာရိရှဲတို့ထံသို့ခေါ်သွားကြ၏။
14. ယေရှုသည် ရွှံ့လုပ်၍ ထိုသူကိုမျက်စိမြင်အောင်ပြုလုပ်တော်မူသောနေ့ကား ဥပုသ်နေ့ဖြစ်၏။