ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 9:7-14 Myanmar Standard Bible (MSB)

7. “ရှိ​လောင်​ရေ​ကန်​သို့​သွား​၍ ဆေး​လော့”​ဟု မိန့်​တော်​မူ​၏။ (ရှိ​လောင်​၏​အ​ဓိပ္ပာယ်​မှာ စေ​လွှတ်​ခြင်း​ခံ​ရ​သူ ဟူ​၍​ဖြစ်​၏။) ထို့​ကြောင့် သူ​သည်​သွား​၍​ဆေး​လိုက်​ရာ မျက်​စိ​မြင်​လျက်​ပြန်​လာ​၏။

8. ထို​အ​ခါ အိမ်​နီး​ချင်း​များ​နှင့် ယ​ခင်​က သူ​သည် သူ​တောင်း​စား​ဖြစ်​ခဲ့​ကြောင်း​ကို သိ​မြင်​သော​သူ​တို့​က “ဤ​သူ​သည် ထိုင်​လျက်​တောင်း​စား​နေ​ခဲ့​သူ​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။

9. လူ​အ​ချို့​တို့​က “ထို​သူ​ပင်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အ​ချို့​တို့​က​လည်း “မ​ဟုတ်​ပါ။ ထို​သူ​နှင့်​တူ​ရုံ​သာ​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သူ​ကိုယ်​တိုင်​က “အ​ကျွန်ုပ်​ပင်​ဖြစ်​သည်”​ဟု ဆို​၏။

10. လူ​တို့​က​လည်း “သို့​ဖြစ်​လျှင် သင်​သည် မည်​ကဲ့​သို့​မျက်​စိ​မြင်​လာ​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

11. ထို​သူ​က “ယေ​ရှု​ဟု​ခေါ်​သော​သူ​တစ်​ဦး​သည် ရွှံ့​လုပ်​၍ အ​ကျွန်ုပ်​၏​မျက်​စိ​ကို​လူး​လျက် ‘ရှိ​လောင်​ရေ​ကန်​သို့​သွား​၍ ဆေး​လော့’​ဟု ဆို​သည့်​အ​တိုင်း အ​ကျွန်ုပ်​သွား​၍​ဆေး​လိုက်​ရာ မျက်​စိ​မြင်​လာ​ပါ​သည်”​ဟု ဖြေ​ကြား​၏။

12. သူ​တို့​က​လည်း “ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း”​ဟု မေး​မြန်း​ကြ​သော် သူ​က “အ​ကျွန်ုပ်​မ​သိ​ပါ”​ဟု ဆို​၏။

13. လူ​တို့​သည် ယ​ခင်​က မျက်​မ​မြင်​ဖြစ်​ခဲ့​သော​ထို​သူ​ကို ဖာ​ရိ​ရှဲ​တို့​ထံ​သို့​ခေါ်​သွား​ကြ​၏။

14. ယေ​ရှု​သည် ရွှံ့​လုပ်​၍ ထို​သူ​ကို​မျက်​စိ​မြင်​အောင်​ပြု​လုပ်​တော်​မူ​သော​နေ့​ကား ဥ​ပုသ်​နေ့​ဖြစ်​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 9