5. ငါသည် ဤလောက၌ရှိနေစဉ် ဤလောက၏အလင်းဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။
6. ထိုသို့မိန့်တော်မူပြီးနောက် မြေပေါ်သို့တံတွေးထွေး၍ တံတွေးနှင့်ရွှံ့လုပ်ပြီးလျှင် မျက်မမြင်၏မျက်စိကို ထိုရွှံ့နှင့်လူးလျက်
7. “ရှိလောင်ရေကန်သို့သွား၍ ဆေးလော့”ဟု မိန့်တော်မူ၏။ (ရှိလောင်၏အဓိပ္ပာယ်မှာ စေလွှတ်ခြင်းခံရသူ ဟူ၍ဖြစ်၏။) ထို့ကြောင့် သူသည်သွား၍ဆေးလိုက်ရာ မျက်စိမြင်လျက်ပြန်လာ၏။
8. ထိုအခါ အိမ်နီးချင်းများနှင့် ယခင်က သူသည် သူတောင်းစားဖြစ်ခဲ့ကြောင်းကို သိမြင်သောသူတို့က “ဤသူသည် ထိုင်လျက်တောင်းစားနေခဲ့သူမဟုတ်လော”ဟု ဆိုကြ၏။
9. လူအချို့တို့က “ထိုသူပင်ဖြစ်သည်”ဟု ဆိုကြ၏။ အချို့တို့ကလည်း “မဟုတ်ပါ။ ထိုသူနှင့်တူရုံသာဖြစ်သည်”ဟု ဆိုကြ၏။ သူကိုယ်တိုင်က “အကျွန်ုပ်ပင်ဖြစ်သည်”ဟု ဆို၏။