24. ထိုအခါ ဂျူးလူမျိုးတို့သည် မျက်မမြင်ဖြစ်ခဲ့သူကို ဒုတိယအကြိမ်ခေါ်၍ “ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလော့။ ထိုသူသည် အပြစ်သားဖြစ်ကြောင်းကို ငါတို့သိ၏”ဟု ဆိုကြ၏။
25. သူကလည်း “ထိုသူသည် အပြစ်သားဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိပါ။ အကျွန်ုပ်သိသောအရာတစ်ခုမှာ အကျွန်ုပ်သည် မျက်မမြင်ဖြစ်ခဲ့သော်လည်း ယခုမြင်ရသည့်အကြောင်းဖြစ်သည်”ဟု ဖြေကြားလေ၏။
26. ထိုသူတို့ကလည်း “သူသည် သင်၌ မည်သည့်အရာကိုပြုသနည်း။ သင်၏မျက်စိကိုမည်ကဲ့သို့မြင်စေသနည်း”ဟု မေးမြန်းကြလျှင်
27. သူက “သင်တို့ကိုအကျွန်ုပ်ပြောပြီးပြီ။ သို့သော် သင်တို့နားမထောင်ကြ။ အဘယ်ကြောင့် ထပ်၍ကြားလိုကြသနည်း။ သင်တို့သည်လည်း ထိုသူ၏တပည့်ဖြစ်လိုကြသလော”ဟု ပြန်ပြော၏။
28. ထိုအခါ ဂျူးလူမျိုးတို့က “သင်သည် သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှေ၏တပည့်များဖြစ်ကြ၏။
29. ဘုရားသခင်သည် မောရှေအား အမိန့်ရှိတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူကား မည်သည့်အရပ်မှလာသည်ကို ငါတို့မသိ”ဟု သူ့ကိုပုတ်ခတ်ပြောဆိုကြ၏။