8. ယေရှုကလည်း “ထလော့။ သင့်အိပ်ရာကိုဆောင်ယူ၍ လမ်းလျှောက်လော့”ဟု မိန့်တော်မူလျှင်
9. ထိုသူသည် ချက်ချင်းအကောင်းပကတိဖြစ်လာ၍ မိမိ၏အိပ်ရာကိုဆောင်ယူလျက် လမ်းလျှောက်လေ၏။ ထိုနေ့ကား ဥပုသ်နေ့ဖြစ်၏။
10. သို့ဖြစ်၍ ဂျူးလူမျိုးတို့က “ယနေ့သည် ဥပုသ်နေ့ဖြစ်၏။ သင်သည် ကိုယ့်အိပ်ရာကိုဆောင်ယူခြင်းမှာ တရားတော်နှင့်မညီ”ဟု ရောဂါပျောက်ကင်းသောထိုသူအား ပြောဆိုကြ၏။
11. ထိုသူကလည်း “အကျွန်ုပ်ကိုအကောင်းပကတိဖြစ်စေသောသူက ‘သင့်အိပ်ရာကိုဆောင်ယူ၍ လမ်းလျှောက်လော့’ဟု အကျွန်ုပ်အား မိန့်တော်မူခဲ့သည်”ဟု ပြန်ပြောလေ၏။
12. ဂျူးလူမျိုးတို့ကလည်း “‘အိပ်ရာကိုဆောင်ယူ၍ လမ်းလျှောက်လော့’ဟု သင့်အားဆိုသူကား မည်သူနည်း”ဟု မေးမြန်းကြ၏။