ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:29-33 Myanmar Standard Bible (MSB)

29. “ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို ကျွန်​မ​အား​ထုတ်​ဖော်​ပြော​ဆို​သော​သူ​ကို လာ​ကြည့်​ကြ​ပါ။ သူ​သည် ခ​ရစ်​တော်​ဖြစ်​လေ​မည်​လော”​ဟု လူ​တို့​အား​ဆို​သ​ဖြင့်

30. လူ​တို့​သည် မြို့​ထဲ​မှ​ထွက်​၍ ကိုယ်​တော်​ထံ​သို့​လာ​ကြ​၏။

31. ထို​အ​ချိန်​အ​တော​အ​တွင်း​၌ တ​ပည့်​တော်​တို့​က “ရဗ္ဗိ၊ သုံး​ဆောင်​တော်​မူ​ပါ”​ဟု ကိုယ်​တော်​အား​ပန်​ကြား​ကြ​၏။

32. သို့​သော် ကိုယ်​တော်​က “ငါ​၌ သင်​တို့​မ​သိ​သော​စား​စ​ရာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

33. ထို့​ကြောင့် တ​ပည့်​တော်​တို့​က “တစ်​စုံ​တစ်​ယောက်​သည် ကိုယ်​တော်​အား စား​စ​ရာ​ကို​ယူ​လာ​ပေး​ပြီ​လော”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4