ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:24-27 Myanmar Standard Bible (MSB)

24. ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​ဖြစ်​တော်​မူ​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော​သူ​တို့​သည် ဝိ​ညာဉ်​နှင့်​သမ္မာ​တ​ရား​အား​ဖြင့် ကိုး​ကွယ်​ရ​မည်”​ဟု မိန့်​တော်​မူ​၏။

25. ထို​အ​မျိုး​သ​မီး​က​လည်း “ခ​ရစ်​တော်​ဟု​ခေါ်​ဝေါ်​သော မေ​ရှိ​ယ​ကြွ​လာ​တော်​မူ​မည်​ကို ကျွန်​မ​သိ​ပါ​၏။ ထို​အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ ကျွန်​မ​တို့​အား အ​လုံး​စုံ​တို့​ကို​ဖော်​ပြ​တော်​မူ​လိမ့်​မည်”​ဟု လျှောက်​လျှင်

26. ယေ​ရှု​က “သင်​နှင့်​စ​ကား​ပြော​နေ​သော​ငါ​သည် ထို​အ​ရှင်​ပင်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

27. ထို​အ​ချိန်​တွင် တ​ပည့်​တော်​တို့​သည်​ပြန်​လာ​၍ အ​မျိုး​သ​မီး​တစ်​ဦး​နှင့် ယေ​ရှု​စ​ကား​ပြော​လျက်​နေ​တော်​မူ​သည်​ကို အံ့​သြ​ကြ​၏။ သို့​သော် ‘မည်​သည့်​အ​လို​ရှိ​တော်​မူ​သ​နည်း’​ဟူ​၍​လည်း​ကောင်း၊ ‘အ​ဘယ်​ကြောင့် ထို​အ​မျိုး​သ​မီး​နှင့် စ​ကား​ပြော​လျက်​နေ​တော်​မူ​သ​နည်း’​ဟူ​၍​လည်း​ကောင်း မည်​သူ​မျှ မ​မေး​လျှောက်​ကြ​ချေ။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4