15. ထိုအမျိုးသမီးက “အရှင်၊ ကျွန်မသည် ရေမငတ်စေရန်နှင့် ဤနေရာသို့လာ၍ ရေမခပ်ရလေအောင် ထိုရေကို ကျွန်မအားပေးတော်မူပါ”ဟု လျှောက်လျှင်
16. ယေရှုက “သွား၍ သင်၏ယောက်ျားကိုခေါ်ပြီး ဤနေရာသို့လာခဲ့လော့”ဟု မိန့်တော်မူ၏။
17. ထိုအမျိုးသမီးကလည်း “ကျွန်မမှာ ယောက်ျားမရှိပါ”ဟု ပြန်လျှောက်လေ၏။ ယေရှုက “ယောက်ျားမရှိဟု သင်ပြောသည်မှာ မှန်ပေ၏။
18. အဘယ်ကြောင့်ဆိုသော် သင်၌ ယောက်ျားငါးယောက်ရှိခဲ့လေပြီ။ ယခု သင်ပေါင်းနေသောသူသည်လည်း သင်၏ယောက်ျားမဟုတ်သောကြောင့် သင်ပြောသောစကားသည် မှန်ပေ၏”ဟု မိန့်တော်မူ၏။