ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 21:18-21 Myanmar Standard Bible (MSB)

18. သင့်​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သင်​သည် ငယ်​ရွယ်​စဉ်​အ​ခါ​၌ ကိုယ်​ကိုယ်​တိုင်​ခါး​ပန်း​စည်း​၍ ကိုယ်​အ​လို​ရှိ​ရာ​အ​ရပ်​သို့ သွား​လာ​လေ့​ရှိ​၏။ အို​မင်း​သော​အ​ခါ​၌​မူ​ကား သင်​သည် ကိုယ့်​လက်​နှစ်​ဖက်​ကို​ဆန့်​၍ သူ​တစ်​ပါး​သည် သင့်​ခါး​ကို ခါး​ပန်း​စည်း​ကာ သင်​အ​လို​မ​ရှိ​ရာ​အ​ရပ်​သို့ ခေါ်​ဆောင်​သွား​မည်”​ဟု မိန့်​တော်​မူ​၏။

19. ဤ​သို့​မိန့်​တော်​မူ​ခြင်း​မှာ ပေ​တ​ရု​သည် မည်​သို့​သော​သေ​ခြင်း​မျိုး​ဖြင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ထင်​ရှား​စေ​မည်​ကို အ​ရိပ်​အ​မြွက်​မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။ ဤ​အ​ရာ​ကို​မိန့်​တော်​မူ​ပြီး​နောက် “ငါ့​နောက်​သို့​လိုက်​လော့”​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​၏။

20. ပေ​တ​ရု​သည် လှည့်​ကြည့်​လိုက်​ရာ ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့်​တော်​သည် နောက်​မှ​လိုက်​လာ​သည်​ကို မြင်​လေ​၏။ ထို​တ​ပည့်​တော်​သည် ယ​ခင်​ည​စာ​စား​စဉ်​က ယေ​ရှု​၏​ရင်​ခွင်​တော်​သို့​ချဉ်း​ကပ်​လျက် “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ​သည် မည်​သူ​နည်း”​ဟု မေး​လျှောက်​ခဲ့​သူ​လည်း​ဖြစ်​၏။

21. ထို​တ​ပည့်​တော်​ကို​မြင်​သော​အ​ခါ ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ဤ​သူ​ကား မည်​သို့​ဖြစ်​မည်​နည်း”​ဟု ယေ​ရှု​အား မေး​လျှောက်​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 21