ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 20:4-8 Myanmar Standard Bible (MSB)

4. သူ​တို့​နှစ်​ဦး​သည် အ​တူ​တူ​ပြေး​ကြ​သော်​လည်း အ​ခြား​တ​ပည့်​တော်​သည် ပေ​တ​ရု​ထက် လျင်​မြန်​စွာ​ပြေး​၍ သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက်​သ​ဖြင့်

5. ငုံ့​ကြည့်​လိုက်​ရာ ပိတ်​ထည်​များ​ရှိ​နေ​သည်​ကို​မြင်​ရ​၏။ သို့​သော် သူ​သည် အ​ထဲ​သို့​မ​ဝင်​ဘဲ​နေ​၏။

6. ထို​အ​ခါ နောက်​မှ​လိုက်​လာ​သော ရှိ​မုန်​ပေ​တ​ရု​သည်​လည်း​ရောက်​လာ​၍ သင်္ချိုင်း​ဂူ​ထဲ​သို့​ဝင်​ပြီး​လျှင် ပိတ်​ထည်​များ​ရှိ​နေ​သည်​ကို​လည်း​ကောင်း၊

7. ကိုယ်​တော်​၏​ဦး​ခေါင်း​တော်​ကို​ပတ်​စည်း​ထား​သော​ပ​ဝါ​သည် ပိတ်​ထည်​များ​နှင့်​အ​တူ​မ​ရှိ​ဘဲ တစ်​နေ​ရာ​တွင်​သီး​ခြား​လိပ်​ထား​သည်​ကို​လည်း​ကောင်း မြင်​လေ​၏။

8. ထို့​နောက် သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက်​သော အ​ခြား​တ​ပည့်​တော်​သည်​လည်း​ဝင်​လာ​၍ မြင်​သ​ဖြင့် ယုံ​ကြည်​လေ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 20