ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 18:4-8 Myanmar Standard Bible (MSB)

4. ယေ​ရှု​သည် မိ​မိ​၌​ဖြစ်​လာ​မည့်​အ​ရာ​အ​လုံး​စုံ​တို့​ကို သိ​နှင့်​တော်​မူ​သော​ကြောင့် ထွက်​လာ​၍ “မည်​သူ့​ကို​ရှာ​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင်

5. သူ​တို့​က “နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို​ရှာ​သည်”​ဟု ပြန်​ပြော​ကြ​၏။ ကိုယ်​တော်​က​လည်း “ငါ​ဖြစ်​သည်”​ဟု မိန့်​တော်​မူ​၏။ ကိုယ်​တော်​ကို​အပ်​နှံ​သူ ယု​ဒ​သည်​လည်း ထို​သူ​တို့​နှင့်​အ​တူ​ရပ်​လျက်​နေ​၏။

6. ထို​သို့ ကိုယ်​တော်​က “ငါ​ဖြစ်​သည်”​ဟု မိန့်​တော်​မူ​သော​အ​ခါ သူ​တို့​သည် နောက်​သို့​ဆုတ်​၍ မြေ​ပေါ်​၌​လဲ​ကျ​ကြ​၏။

7. ထို့​ကြောင့် ကိုယ်​တော်​သည် နောက်​တစ်​ဖန် သူ​တို့​အား “မည်​သူ့​ကို​ရှာ​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို​ရှာ​သည်”​ဟု ဆို​ကြ​၏။

8. ယေ​ရှု​က​လည်း “ငါ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။ သို့​ဖြစ်​၍ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လျှင် ဤ​သူ​တို့​သွား​ပါ​လေ​စေ”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 18