5. အို အဖ၊ ဤကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်နှင့်အတူ အကျွန်ုပ်ခံစားရသောဘုန်းအသရေတော်အားဖြင့် ယခုပင် အကျွန်ုပ်ကို အထံတော်ပါး၌ ဘုန်းထင်ရှားစေတော်မူပါ။
6. ဤလောကထဲမှ ကိုယ်တော်ရွေးကောက်၍ အကျွန်ုပ်ထံပေးအပ်တော်မူသောသူတို့အား ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ထင်ရှားစေပါပြီ။ ထိုသူတို့သည် ကိုယ်တော်ပိုင်တော်မူသောသူများဖြစ်ကြ၍ ကိုယ်တော်သည် သူတို့ကို အကျွန်ုပ်ထံပေးအပ်တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းကြပါပြီ။
7. အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောအရာအားလုံးတို့သည် ကိုယ်တော်ထံမှဖြစ်ကြောင်း ယခု သူတို့သိကြပါပြီ။
8. အကြောင်းမူကား အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောနှုတ်ကပတ်တရားတို့ကို အကျွန်ုပ်သည် သူတို့အား ပေးအပ်သဖြင့် သူတို့သည် ခံယူကြကာ ကိုယ်တော်ထံမှ အကျွန်ုပ်ကြွလာခဲ့ကြောင်းကို အမှန်ပင်သိရှိလျက် ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းကိုလည်း ယုံကြည်ကြပါပြီ။
9. သူတို့အတွက် အကျွန်ုပ်တောင်းလျှောက်ပါ၏။ အကျွန်ုပ်ထံကိုယ်တော်ပေးအပ်တော်မူသောသူတို့သည် ကိုယ်တော်ပိုင်တော်မူသောသူများဖြစ်ကြသောကြောင့် ဤလောကအတွက်မဟုတ်ဘဲ သူတို့အတွက်တောင်းလျှောက်ပါ၏။
10. အကျွန်ုပ်ပိုင်သောအရာအားလုံးတို့ကို ကိုယ်တော်ပိုင်တော်မူပြီး ကိုယ်တော်ပိုင်သောအရာတို့ကိုလည်း အကျွန်ုပ်ပိုင်သည်ဖြစ်၍ အကျွန်ုပ်သည် ထိုအရာများအားဖြင့် ဘုန်းထင်ရှားခြင်းရှိပါပြီ။