ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 17:13-17 Myanmar Standard Bible (MSB)

13. ယ​ခု ကိုယ်​တော်​ထံ​သို့ အ​ကျွန်ုပ်​လာ​ပါ​၏။ သူ​တို့​သည် အ​ကျွန်ုပ်​၏​ဝမ်း​မြောက်​ခြင်း​ကို မိ​မိ​တို့​၌ အ​ပြည့်​အ​ဝ​ခံ​စား​ရ​မည့်​အ​ကြောင်း ဤ​လော​က​၌​နေ​စဉ် ဤ​အ​ရာ​များ​ကို အ​ကျွန်ုပ်​ပြော​ပါ​၏။

14. အ​ကျွန်ုပ်​သည် ကိုယ်​တော်​၏​နှုတ်​က​ပတ်​တ​ရား​ကို သူ​တို့​အား​ပေး​အပ်​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည် ဤ​လော​က​နှင့်​မ​ဆိုင်​သ​ကဲ့​သို့ သူ​တို့​သည်​လည်း ဤ​လော​က​နှင့်​မ​ဆိုင်​ကြ​သော​ကြောင့် လော​ကီ​သား​တို့​သည် သူ​တို့​ကို​မုန်း​ကြ​ပါ​၏။

15. သူ​တို့​ကို ဤ​လော​က​ထဲ​မှ နုတ်​ယူ​တော်​မူ​ရန်​မ​ဟုတ်​ဘဲ မ​ကောင်း​သော​အ​ရာ​မှ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ရန် အ​ကျွန်ုပ်​တောင်း​လျှောက်​ပါ​၏။

16. အ​ကျွန်ုပ်​သည် ဤ​လော​က​နှင့်​မ​ဆိုင်​သ​ကဲ့​သို့ သူ​တို့​သည်​လည်း ဤ​လော​က​နှင့်​မ​ဆိုင်​ကြ​ပါ။

17. သမ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို​သန့်​ရှင်း​စေ​တော်​မူ​ပါ။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် သမ္မာ​တ​ရား​ဖြစ်​ပါ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 17