11. အကျွန်ုပ်သည် ဤလောက၌ရှိတော့မည်မဟုတ်ပါ။ သူတို့မူကား ဤလောက၌ရှိကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့လာပါ၏။ သန့်ရှင်းတော်မူသောအဖ၊ သူတို့သည် အကျွန်ုပ်တို့နည်းတူ တစ်လုံးတစ်ဝတည်းဖြစ်ကြရန် အကျွန်ုပ်ထံပေးအပ်တော်မူသော ဤသူတို့ကို ကိုယ်တော်၏နာမတော်၌ စောင့်ရှောက်တော်မူပါ။
12. အကျွန်ုပ်သည် သူတို့နှင့်အတူရှိစဉ်တွင် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသော ကိုယ်တော်၏နာမတော်၌ သူတို့ကိုထိန်းသိမ်းစောင့်ရှောက်ခဲ့ပါ၏။ သူတို့တွင် ပျက်စီးခြင်း၏သားမှတစ်ပါး မည်သူမျှမပျက်စီးခဲ့ပါ။ ထိုသူပျက်စီးခဲ့ရခြင်းမှာ ကျမ်းစာပြည့်စုံစေရန်ဖြစ်၏။
13. ယခု ကိုယ်တော်ထံသို့ အကျွန်ုပ်လာပါ၏။ သူတို့သည် အကျွန်ုပ်၏ဝမ်းမြောက်ခြင်းကို မိမိတို့၌ အပြည့်အဝခံစားရမည့်အကြောင်း ဤလောက၌နေစဉ် ဤအရာများကို အကျွန်ုပ်ပြောပါ၏။
14. အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တရားကို သူတို့အားပေးအပ်ခဲ့ပါပြီ။ သို့ရာတွင် အကျွန်ုပ်သည် ဤလောကနှင့်မဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့်မဆိုင်ကြသောကြောင့် လောကီသားတို့သည် သူတို့ကိုမုန်းကြပါ၏။
15. သူတို့ကို ဤလောကထဲမှ နုတ်ယူတော်မူရန်မဟုတ်ဘဲ မကောင်းသောအရာမှ ကာကွယ်စောင့်ရှောက်တော်မူရန် အကျွန်ုပ်တောင်းလျှောက်ပါ၏။