ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 15:16-19 Myanmar Standard Bible (MSB)

16. သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သာ​လျှင် သင်​တို့​ကို​ရွေး​ကောက်​သ​ဖြင့် သင်​တို့​သည်​သွား​လျက် အ​သီး​ကို​သီး​၍ သင်​တို့​၏​အ​သီး​တည်​မြဲ​မည့်​အ​ကြောင်း​နှင့် ငါ့​နာ​မ​၌ ခ​မည်း​တော်​အား တောင်း​လျှောက်​သ​မျှ​တို့​ကို သင်​တို့​အား ခ​မည်း​တော်​ပေး​တော်​မူ​မည့်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား​၏။

17. သင်​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟူ​သော ဤ​ပ​ညတ်​ကို သင်​တို့​အား ငါ​ပေး​၏။

18. လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​လျှင် သင်​တို့​ကို​မ​မုန်း​မီ ငါ့​ကို​မုန်း​ကြ​သည်​ကို သိ​မှတ်​ကြ​လော့။

19. သင်​တို့​သည် ဤ​လော​က​နှင့်​ဆိုင်​ခဲ့​လျှင် လော​ကီ​သား​တို့​သည် မိ​မိ​တို့​နှင့်​ဆိုင်​သော​သင်​တို့​ကို ချစ်​ခဲ့​ကြ​ပေ​လိမ့်​မည်။ သို့​သော် သင်​တို့​သည် ဤ​လော​က​နှင့်​မ​ဆိုင်။ ငါ​သည် သင်​တို့​ကို ဤ​လော​က​မှ ရွေး​ကောက်​ခဲ့​ပြီ​ဖြစ်​သော​ကြောင့် လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 15