10. ငါသည် ခမည်းတော်၌ရှိ၍ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို သင်မယုံသလော။ သင်တို့အား ငါပြောဆိုသောစကားတို့ကို ငါ့ဆန္ဒအလျောက်ငါပြောဆိုသည်မဟုတ်။ ငါ၌တည်နေတော်မူသောခမည်းတော်သည် သူ၏အမှုတော်များကိုပြုတော်မူခြင်းသာဖြစ်၏။
11. ငါသည် ခမည်းတော်၌ရှိ၍ ခမည်းတော်သည် ငါ၌ရှိကြောင်းကို ယုံကြလော့။ မယုံနိုင်လျှင် ငါပြုသောအမှုများကိုထောက်၍ ယုံကြလော့။
12. သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုထက် ပို၍ကြီးမြတ်သောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့သွားမည်ဖြစ်၏။