ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13:7-11 Myanmar Standard Bible (MSB)

7. ယေ​ရှု​က​လည်း “သင်​သည် ငါ​ပြု​နေ​သော​အ​ရာ​ကို ယ​ခု​နား​မ​လည်​သော်​လည်း နောင်​အ​ခါ​သ​ဘော​ပေါက်​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​လျှင်

8. ပေ​တ​ရု​က “အ​ကျွန်ုပ်​၏​ခြေ​ကို လုံး​ဝ​ဆေး​တော်​မ​မူ​ပါ​နှင့်”​ဟု လျှောက်​လေ​၏။ ယေ​ရှု​က​လည်း “သင့်​ကို​ငါ​မ​ဆေး​ရ​လျှင် သင်​သည် ငါ​နှင့် မည်​သည့်​ပတ်​သက်​မှု​မျှ​မ​ရှိ”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

9. ထို​အ​ခါ ရှိ​မုန်​ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ခြေ​ကို​သာ​မ​ဟုတ်​ဘဲ လက်​နှင့်​ဦး​ခေါင်း​တို့​ကို​ပါ ဆေး​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

10. ယေ​ရှု​က​လည်း “ရေ​ချိုး​ပြီး​သော​သူ​သည် တစ်​ကိုယ်​လုံး​စင်​ကြယ်​သည်​ဖြစ်​၍ ခြေ​မှ​လွဲ​၍ ဆေး​ရန်​မ​လို။ သင်​တို့​သည် စင်​ကြယ်​ကြ​၏။ သို့​သော် သင်​တို့​အား​လုံး​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

11. ကိုယ်​တော်​သည် မိ​မိ​ကို မည်​သူ​အပ်​နှံ​မည်​ကို​သိ​တော်​မူ​သော​ကြောင့် “သင်​တို့​အား​လုံး​စင်​ကြယ်​သည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13