30. ယုဒသည် မုန့်တစ်ဖဲ့ကိုခံယူပြီးလျှင် ချက်ချင်းထွက်သွားလေ၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။
31. ယုဒထွက်သွားပြီးနောက် ယေရှုက “ယခုအခါ လူ့သားကို ဘုန်းတော်ထင်ရှားစေတော်မူပြီ။ ဘုရားသခင်သည်လည်း လူ့သားအားဖြင့် ဘုန်းတော်ထင်ရှားတော်မူပြီ။
32. ဘုရားသခင်သည် လူ့သားအားဖြင့် ဘုန်းတော်ထင်ရှားတော်မူလျှင် ဘုရားသခင်ကိုယ်တော်တိုင်အားဖြင့်လည်း လူ့သားကိုဘုန်းတော်ထင်ရှားစေတော်မူ၍ ထိုဘုန်းတော်ကို ချက်ချင်းထင်ရှားစေတော်မူလိမ့်မည်။
33. ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ ခဏတာမျှသာ နေရတော့မည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ သို့ရာတွင် ‘ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ’ဟု ဂျူးလူမျိုးတို့အား ငါပြောသကဲ့သို့ ယခု သင်တို့ကိုလည်း ငါပြော၏။
34. သင်တို့အချင်းချင်းချစ်ကြလော့။ သင်တို့ကို ငါချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့ဟူသောပညတ်ချက်အသစ်ကို သင်တို့အား ငါပေး၏။