ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12:7-11 Myanmar Standard Bible (MSB)

7. ထို့​ကြောင့် ယေ​ရှု​က “ငါ့​ကို​သင်္ဂြိုဟ်​မည့်​နေ့​အ​တွက် သူ​သည် ဤ​ဆီ​မွှေး​ကို​သိမ်း​ထား​ခဲ့​သည်​ဖြစ်​၍ သူ​ပြု​လို​ရာ​ပြု​ပါ​စေ။

8. အ​ကြောင်း​မူ​ကား ဆင်း​ရဲ​သား​တို့​သည် သင်​တို့​တွင်​အ​စဉ်​ရှိ​ကြ​၏။ ငါ​မူ​ကား သင်​တို့​တွင်​အ​စဉ်​ရှိ​သည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

9. များ​စွာ​သော​ဂျူး​လူ​မျိုး​အ​စု​အ​ဝေး​သည် ထို​အ​ရပ်​၌ ယေ​ရှု​ရှိ​တော်​မူ​ကြောင်း​ကို ကြား​သိ​သ​ဖြင့် ယေ​ရှု​ကြောင့်​သာ​မ​ဟုတ်​ဘဲ သေ​သော​သူ​တို့​ထဲ​မှ ကိုယ်​တော်​ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​ကို​လည်း​တွေ့​မြင်​ရ​ရန် ရောက်​လာ​ကြ​၏။

10. ထို့​ကြောင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် လာ​ဇ​ရု​ကို​လည်း​သတ်​ရန် တိုင်​ပင်​ကြံ​စည်​ကြ​၏။

11. အ​ဘယ်​ကြောင့်​ဆို​သော် များ​စွာ​သော​ဂျူး​လူ​မျိုး​တို့​သည် လာ​ဇ​ရု​ကြောင့် သူ​တို့​ကို​စွန့်​ခွာ​၍ ယေ​ရှု​ကို​ယုံ​ကြည်​ကြ​သော​ကြောင့်​ဖြစ်​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12