5. “အဘယ်ကြောင့် ဤဆီမွှေးကို ဒေနာရိသုံးရာနှင့်ရောင်း၍ ဆင်းရဲသားတို့အား မပေးကမ်းခဲ့သနည်း”ဟု ဆို၏။
6. ထိုသို့ဆိုခြင်းမှာ သူသည် ဆင်းရဲသားတို့၏အကျိုးကို ထောက်ထားငဲ့ညှာ၍မဟုတ်ဘဲ မိမိသည် သူခိုးဖြစ်ပြီး ငွေအိတ်ကိုထိန်းသိမ်းရင်း ထည့်ဝင်ငွေကို နှိုက်ယူလေ့ရှိသောကြောင့်ဖြစ်၏။
7. ထို့ကြောင့် ယေရှုက “ငါ့ကိုသင်္ဂြိုဟ်မည့်နေ့အတွက် သူသည် ဤဆီမွှေးကိုသိမ်းထားခဲ့သည်ဖြစ်၍ သူပြုလိုရာပြုပါစေ။
8. အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့တွင်အစဉ်ရှိကြ၏။ ငါမူကား သင်တို့တွင်အစဉ်ရှိသည်မဟုတ်”ဟု မိန့်တော်မူ၏။
9. များစွာသောဂျူးလူမျိုးအစုအဝေးသည် ထိုအရပ်၌ ယေရှုရှိတော်မူကြောင်းကို ကြားသိသဖြင့် ယေရှုကြောင့်သာမဟုတ်ဘဲ သေသောသူတို့ထဲမှ ကိုယ်တော်ထမြောက်စေတော်မူသော လာဇရုကိုလည်းတွေ့မြင်ရရန် ရောက်လာကြ၏။
10. ထို့ကြောင့် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် လာဇရုကိုလည်းသတ်ရန် တိုင်ပင်ကြံစည်ကြ၏။
11. အဘယ်ကြောင့်ဆိုသော် များစွာသောဂျူးလူမျိုးတို့သည် လာဇရုကြောင့် သူတို့ကိုစွန့်ခွာ၍ ယေရှုကိုယုံကြည်ကြသောကြောင့်ဖြစ်၏။