ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12:35-38 Myanmar Standard Bible (MSB)

35. ယေ​ရှု​က​လည်း “အ​လင်း​သည် သင်​တို့​တွင် နောက်​ထပ် ခ​ဏ​ရှိ​ဦး​မည်။ သင်​တို့​အား မှောင်​မိုက်​မ​လွှမ်း​မိုး​စေ​ရန် အ​လင်း​ရှိ​ခိုက် သွား​လာ​ကြ​လော့။ မှောင်​မိုက်​၌​သွား​လာ​သော​သူ​သည် မိ​မိ​မည်​သည့်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။

36. သင်​တို့​သည် အ​လင်း​၏​သား​များ​ဖြစ်​ကြ​ရန် သင်​တို့​တွင် အ​လင်း​ရှိ​ခိုက် အ​လင်း​ကို​ယုံ​ကြည်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ ယေ​ရှု​သည် ဤ​အ​ရာ​များ​ကို ဟော​ပြော​တော်​မူ​ပြီး​နောက် ထွက်​သွား​၍ သူ​တို့​ကို တိမ်း​ရှောင်​လျက်​နေ​တော်​မူ​၏။

37. ယေ​ရှု​သည် ဤ​မျှ​လောက်​များ​ပြား​သော နိ​မိတ်​လက္ခ​ဏာ​တို့​ကို သူ​တို့​ရှေ့​မှောက်​၌ ပြု​တော်​မူ​သော်​လည်း သူ​တို့​သည် ကိုယ်​တော်​ကို​မ​ယုံ​ကြည်​ကြ​ပေ။

38. ဤ​သည်​ကား “အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​သ​တင်း​စ​ကား​ကို မည်​သူ​ယုံ​ကြည်​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​၏​လက်​ရုံး​တော်​သည် မည်​သူ့​ထံ ဖော်​ပြ​ခြင်း​ခံ​ရ​ပါ​သ​နည်း”​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြော​ထား​သော​စ​ကား ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12