20. ပွဲတော်တွင် ဝတ်ပြုကိုးကွယ်ရန် တက်လာကြသောသူတို့ထဲ၌ ဂရိလူမျိုးအချို့ပါ၏။
21. သူတို့သည် ဂါလိလဲနယ်၊ ဗက်ဇဲဒမြို့သား ဖိလိပ္ပုထံချဉ်းကပ်၍ “ဆရာ၊ အကျွန်ုပ်တို့သည် ယေရှုကိုတွေ့မြင်လိုပါသည်”ဟု တောင်းဆိုကြ၏။
22. ဖိလိပ္ပုသည်သွား၍ အန္ဒြေကိုပြောပြပြီးလျှင် အန္ဒြေနှင့်ဖိလိပ္ပုတို့သည်လာ၍ ယေရှုထံလျှောက်ထားကြ၏။