ရှင်​ယု​ဒ​ဩ​ဝါ​ဒ​စာ 1:8-13 Myanmar Standard Bible (MSB)

8. ထို​နည်း​တူ ဤ​အိပ်​မက်​မြင်​မက်​တတ်​သော​သူ​တို့​သည်​လည်း ကိုယ်​ကာ​ယ​ကို​ညစ်​ညူး​စေ​လျက် အုပ်​စိုး​ခြင်း​ကို​ဝန်​မ​ခံ​ဘဲ ဘုန်း​အ​သ​ရေ​ရှိ​သော​သူ​ကို စော်​ကား​ပြော​ဆို​တတ်​ကြ​၏။

9. ကောင်း​ကင်​တ​မန်​မင်း​မိက္ခေ​လ​ပင် မာရ်​နတ်​နှင့်​ငြင်း​ခုံ​လျက် မော​ရှေ​၏​ကိုယ်​ခန္ဓာ​နှင့်​ပတ်​သက်​၍ အ​ချေ​အ​တင်​ပြော​ဆို​ကြ​သော​အ​ခါ ရှုတ်​ချ​ပြစ်​တင်​သည့်​စီ​ရင်​ခြင်း​ကို​မ​ပြု​ဝံ့​ဘဲ “ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​ပါ​စေ”​ဟူ​၍​သာ ပြော​ဆို​ခဲ့​၏။

10. သူ​တို့​မူ​ကား မိ​မိ​တို့​မ​သိ​သော​အ​ရာ​များ​ကို စော်​ကား​ပြော​ဆို​ကြ​လျက် ဆင်​ခြင်​ဉာဏ်​မ​ရှိ​သော တိ​ရစ္ဆာန်​များ​ကဲ့​သို့ ပင်​ကို​သ​ဘာ​ဝ​အ​ရ​သိ​ထား​သည့်​အ​ရာ​များ​၌​ပင် ပျက်​စီး​ခြင်း​သို့​ရောက်​တတ်​ကြ​၏။

11. သူ​တို့​သည် အမင်္ဂ​လာ​ရှိ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ကာ​ဣ​န​၏​လမ်း​စဉ်​ကို​လိုက်​၍ အ​ခ​ကြေး​ငွေ​အ​တွက် ဗာ​လမ်​၏​မှား​ယွင်း​ခြင်း​ထဲ​သို့​ကျ​ရောက်​သွား​ကာ ကော​ရ​၏​ဆန့်​ကျင်​မှု​မျိုး​၌ ပျက်​စီး​ဆုံး​ရှုံး​ကြ​၏။

12. သူ​တို့​သည် သင်​တို့​နှင့်​အ​တူ​စား​သောက်​သော​အ​ခါ ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ မိ​မိ​တို့​အ​တွက်​သာ ဂ​ရု​စိုက်​လျက် သင်​တို့​၏​မေတ္တာ​ပွဲ​၌ အ​စွန်း​အ​ထင်း​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် လေ​၌​လွင့်​ပါ​သွား​သော မိုး​ရေ​မ​ပါ​သည့်​မိုး​တိမ်​များ၊ အ​မြစ်​ပါ​မ​ကျန်​ဆွဲ​နုတ်​ခံ​ရ​၍ နှစ်​ကြိမ်​သေ​သည့် အ​သီး​မ​သီး​သော ဆောင်း​ဦး​ကာ​လ​သစ်​ပင်​များ၊

13. မိ​မိ​တို့​အ​ရှက်​ကို အ​မြှုပ်​ကဲ့​သို့​ပေါ်​စေ​သည့် ပြင်း​ထန်​သော​ပင်​လယ်​လှိုင်း​တံ​ပိုး​များ၊ လှည့်​လည်​သွား​လာ​သော ကြယ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အ​တွက် မှောင်​မည်း​သော​အ​မှောင်​ကို ထာ​ဝ​ရ​ထိန်း​သိမ်း​ထား​လျက်​ရှိ​၏။

ရှင်​ယု​ဒ​ဩ​ဝါ​ဒ​စာ 1