ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 2:1-3 Myanmar Standard Bible (MSB)

1. ငါ့​ညီ​အစ်​ကို​တို့၊ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အ​ရာ​၌ မျက်​နှာ​လိုက်​ခြင်း​မ​ရှိ​ကြ​နှင့်။

2. သင်​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ထဲ​သို့ ရွှေ​လက်​စွပ်​နှင့်​တင့်​တယ်​သော​အ​ဝတ်​တို့​ကို ဝတ်​ဆင်​ထား​သော​လူ​တစ်​ဦး​ဝင်​လာ​ပြီး စုတ်​ပြတ်​သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သည့် ဆင်း​ရဲ​သော​သူ​တစ်​ဦး​လည်း ဝင်​လာ​သော​အ​ခါ

3. သင်​တို့​သည် တင့်​တယ်​သော​အ​ဝတ်​ဝတ်​ဆင်​ထား​သော​သူ​ကို ဂ​ရု​စိုက်​လျက် “သင်​သည် ဤ​နေ​ရာ​ကောင်း​တွင် ထိုင်​ပါ”​ဟု ဆို​၍ ဆင်း​ရဲ​သော​သူ​ကို​မူ​ကား “သင်​သည် ထို​နေ​ရာ​တွင်​ရပ်​နေ​ပါ” သို့​မ​ဟုတ် “ငါ​၏​ခြေ​ရင်း​ကြမ်း​ပြင်​ပေါ်​၌ ထိုင်​ပါ”​ဟု ဆို​လျှင်

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 2