6. သို့သော် လူ့သားသည် မြေကြီးပေါ်၌ အပြစ်များခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်း သင်တို့သိစေရန်”ဟု မိန့်တော်မူပြီးလျှင် လေဖြတ်သောသူအား “ထလော့။ သင်၏အိပ်ရာကိုဆောင်ယူ၍ အိမ်သို့ပြန်လော့”ဟု မိန့်တော်မူ၏။
7. ထိုအခါ လေဖြတ်သောသူသည် ထ၍ မိမိအိမ်သို့ပြန်သွားလေ၏။
8. ဤအခြင်းအရာကိုတွေ့မြင်သော လူထုပရိသတ်တို့သည် ကြောက်ရွံ့လျက် လူတို့အား ဤသို့သောအခွင့်အာဏာကို ပေးတော်မူသော ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။
9. ထို့နောက် ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် မဿဲဟုခေါ်သောသူတစ်ဦးကိုမြင်၍ “ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
10. ထို့နောက် ကိုယ်တော်သည် အိမ်ထဲတွင် စားပွဲ၌ထိုင်တော်မူစဉ် များစွာသောအခွန်ကောက်ခံသူတို့နှင့်အပြစ်သားတို့သည် ရောက်လာ၍ တပည့်တော်တို့နှင့်တကွ ယေရှုနှင့်အတူ စားသောက်ပွဲ၌ထိုင်ကြ၏။
11. ထိုအခြင်းအရာကို ဖာရိရှဲတို့မြင်လျှင် တပည့်တော်တို့အား “သင်တို့၏ဆရာသည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း”ဟု မေးမြန်းကြ၏။
12. ကိုယ်တော်သည် ထိုစကားကိုကြားလျှင် “ကျန်းမာသောသူတို့သည် ဆေးဆရာကို မလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။